ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Mar 25,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။