နောင်ချိုမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်

နောင်ချို  မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်(၇၈)နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက တပ်မတော်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာအုပ်စာစောင်ပြပွဲအား ပြသခဲ့ကြသည်။ ဆက်လက်၍ ဝန်ထမ်းများကဟောပြောပွဲသို့ တက်ရောက် လာကြသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအား ပြည်သူများနှင့် လူငယ်များ တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းနှင့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့်ဟောပြောပွဲသို့ ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)