သတင်းများ

တွံတေး၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းတည့် ၁၂ နာရီက တွံတေးမြို့နယ်ရှိ အ.ထ.က(၁)ရှိ ထက်၊ လယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမများအား (အခမဲ့)သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့တွင် ခရိုင်အဆင့် အေရိုးဗစ်နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ
Mar 25,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့် အေရိုးဗစ်နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃နာရီက ခရိုင်ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူးနှင့်မြို့နယ်အားကစားမှူးများ၊ နည်းပြဆရာမနှင့်သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။
ကလိန်အောင်မြို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 25,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၁ နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ စစ်ဆေးရေးတံတားထိပ်တွင် ခရီးသွားပြည်သူများနှင့် မြို့အတွင်းရှိ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေပုံမြို့နယ်၊ ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေကျေးရွာ အရှည်(၂၈၇၅)ပေရှိ ကျေးရွာချင်းဆက်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 25,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည် (၂၈၇၅)ပေရှိ ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နနာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြု လုပ်သည်။
ရေးမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 25,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  ရေးမြို့နယ်  အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာသင်တန်း​ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင်
သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲ စတုတ္ထနေ့ဆက်လက်ဖြေဆို
Mar 25,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ် သော ဓမ္မာစရိယစာမေးပွဲကို စတုတ္ထနေ့အဖြစ် သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပလျက်ရှိ ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ
Mar 25,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး တောင်ငူမြို့ မူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၈:၃၀)နာရီ အချိန်တွင် ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမ ပြန်စာမေးပွဲဆက်လက်ကျင်းပ
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌  ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ မွန်းတည့် (၁၂)နာရီအချိန်က သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ(ဒုတိယနေ့)ဘာသာရပ်ကို