မိုင်းလုံမြို့၌ (၇၈)နှစ်​မြောက်တပ်မ​တော်​နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များဖြန့်​​ဝေ

မိုင်းလုံ    မတ် ၂၅

၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ရောက်ရှိမည့်  (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့်  မြို့အတွင်းရှိပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော် ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)