ကလေးမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၁ နာရီက ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗိုလ်ချုပ်လမ်းတွင် ခရီးသွား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။