သတင်းများ

မြန်မာ-တရုတ် နှစ်နိုင်ငံ ချင်းရွှေဟော်မြို့ သန့်ရှင်းသာယာလှပရေးနှင့် နယ်စပ်ဂိတ်ပေါက်အနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် တာဝန်ရှိသူများကွင်းဆင်းဆောင်ရွက်
Mar 25,2023
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည် စီးဆင်းရာမြို့ဖြစ်ပြီး ယခုအခါ နယ်စပ်ဂိတ်ပေါက်သည် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန် လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှု မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ်လိုင်းများ တိုးပွားလာခြင်း တို့ကြောင့် မြို့သန့်ရှင်းသာယာလှပရေး၊ နယ်စပ်ဂိတ်ပေါက်အနီး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးတို့အတွက်  မြို့အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ဦး ဦးဆောင်၍   စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ခွဲ တာဝန်ခံ ဦးဟိန်းမြတ်ဇော်တို့ လိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြေယာလျော်ကြေး​ငွေ ပေးအပ်ပွဲကျင်းပ
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အမျိုးသားကင်ဆာရောဂါကုဆေးရုံကြီး ဆောက်လုပ်ရာတွင် ပါဝင်သွားသော မြေဧရိယာ(၂)ဧကအတွက်လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ၁၀နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ် (၅) နှင့် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတို့၌ အခြေခံပညာအထက်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှစတင်ကာ ဖွင့်လှစ်လျက်ရှိသည်။
သိန္နီမြို့၌ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မောက်ဟွမ်ဆုန် မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲ အခမ်းအနားကျင်းပ
Mar 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မောက်ဟွမ်ဆုန် မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူတိုင်းအကျုံးဝင်ပညာရေး (၃)နှစ်တာ စီမံကိန်းအရ ဆောင်ရွက်နေသောလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး
Mar 25,2023
ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းရှိ အ.ထ.က (၁၃)အခြေခံပညာအထက်တန်းကျောင်းသို့
မိုင်းယောင်းမြို့ ဝမ်မွန်မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဝမ်မွန် မူလတန်းကြိုကျောင်း၌ ယမန်နေ့က ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် သခွားသီးစိုက်တောင်သူများ အဆင်ပြေ
Mar 25,2023
စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိသော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သခွားသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ
Mar 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ  ကျောင်းသားကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက်