ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ့နှင့် မွန်မြတ်စေတနာကုသိုလ်ပြုလူငယ်အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်

ဘီးလင်း မတ် ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မွန်မြတ်စေတနာ ကုသိုလ်ပြုလူငယ်အဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးခင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် ကြက်ခြေ နီအသင်းအတွင်းရေးမှူး ဦးငွေဝင်းနှင့် မွန်မြတ်စေသနာ ကုသိုလ်ပြုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းထွဋ်​ဇော်တို့က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘီးလင်း မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၂) ဦးတို့တက်​ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၅ ဦးတို့က နံနက် ၉ နာရီမှညနေ ၄နာရီအထိသုံးရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘီးလင်း(ပြန်ဆက်)