ကန့်ဘလူ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အမှတ် (၃) ရပ်ကွက် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန့်နေ့မွန်းလွဲ ၃ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မှုခင်းလျော့နည်းကျဆင်း ရေး၊ မီတာခများ နှင့်ချေးငွေများပေးသွင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)