သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် အောင်တပ်ကျေးရွာ၊ သဲဖြူကျေးရွာ အုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း မတ် ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာနှင့် သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အောင်တပ်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းခန်းမ၌ အဖွဲ့အမှတ်(၁) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်း‌ရေးမှူး ရဲမှူးလှဝင်းနှင့်သက်ဆိုင်ရာဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ(၂၆၃)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ ရွှေရတုဗိမ္မာန်ဓမ္မာရုံ၌ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ(၂၅၀) ဦးတို့နှင့်တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆) ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Maskတပ်ဆင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့် လွတ်အောင် ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေးတရားလွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံ လောင်စာတောင့်စက်ရုံတည် ဆောက်သုံးစွဲရေး၊ တစ်ဧက(၁၀)တင်း ပိုမိုထွက်ရှိရန် ဆောင်ရွက်ရေး၊ တစ်သီး၊ နှစ်သီး၊ သုံးသီးစိုက်ပျိုးရန်ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးရာ ကျန်းမာရေးဌာနမှ ပြည်သူများအား ဆေးထိုးပေးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်