ဖျာပုံမြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအခမဲ့ဖွင့်လှစ်သင်ကြားပေး
Mar 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သောလူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။