သတင်းများ

ကလေးဝမြို့တွင် (Home Gardening) ဟင်းသီးဟင်းရွက်၊ မျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲပြုလုပ်
Mar 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (Home Gardening) ဟင်းသီးဟင်းရွက်၊မျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် အမှတ်(၁)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ ဌာနဆိုင်ရာအခမ်းအနားများတွင် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် အခမ်းအနားမှူးများ စိစစ်ရွေးချယ်
Mar 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခရိုင်အထွေထွေစီမံအုပ်ချုပ်ရေး စုပေါင်းရုံး အစည်းအဝေးခန်းမ၌  နိုင်ငံတော်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အခမ်းအနားများတွင် အစီအစဉ်တင်ဆက်သည့် အခမ်းအနားမှူးများ အသံဩဇာပါဝါနှင့် ကိုယ်နေဟန်ထားများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးထားပြီး စိစစ်အကဲဖြတ်မှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
တောင်ကုတ်မြို့၌ တိပိဋကဓရ ဆရာတော်(၈)ပါးအားဂုဏ်ပြုပူဇော်နိုင်ရန်အတွက် နဝကမ္မဝတ္တုငွေလှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Mar 27,2023
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် တိပိဋကဓရ ဆရာတော်(၈)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို ဖေဖေါ်ဝါရီ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဂုဏ်ပြုပူဇော်ပွဲပြုလုပ်နိုင်ရန်အတွက် နဝကမ္မဝတ္တု ငွေများလှူဒါန်းခဲ့ကြသူများသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်
Mar 27,2023
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုသင်တန်းကို
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံမြို့နယ်အတွင်း အဆင့်မြှင့်တင်ဖော်ထုတ်ပြီးစီးခဲ့သည့် လယ်ယာ‌မြေ ဧက (၂၀၀) အား မူလပိုင်ရှင်တောင်သူများထံပေးအပ်
Mar 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့် လယ်ယာမြေဧက (၂၀၀) အား (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်၊ တံတားဖြူအနီးရှိ အဆိုပါလယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့၌၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ ဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှူစစ်ဆေး
Mar 27,2023
၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာဖြေဌာန အထက (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် (၁၁) နာရီအချိန်က တာဝန်ရှိသူများ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုပန်၌(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန်မိုင်-ရွှေဝါ ကျောက်ချောလမ်းဖွင့်လှစ်
Mar 27,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်မိုင်-ရွှေဝါ ကျောက်ချောလမ်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကအဆိုပါ လမ်းထိပ် မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်
Mar 27,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းပါဝင်သော အခြေခံအင်္ဂလိပ်စသင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။