သတင်းများ

ဇေယျာသီရိမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကအဖွဲ့အား ထောက်ပံ့ငွေပေးအပ်
Mar 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ကပြဖျော်ဖြေမည့် ဇေယျာသီရိမြို့နယ်ကိုယ်စားပြု အကယိမ်းအဖွဲ့လေ့ကျင့်နေမှုအား ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မိုင်းပျဉ်းမြို့ ဝမ်ဖြစ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်အကြောင်း ဟောပြောပွဲဆောင်ရွက်
Mar 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး ကွင်းဆင်းဟောပြောဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းပျဉ်းမြို့၊ ဝမ်ဖြစ်ကျေးရွာအုပ်စု၊ ဝမ်ဖြစ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါးများအားပြန်လည်ပေးသွင်း ဝယ်ယူခြင်းများဆောင်ရွက်
Mar 26,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှနွေစပါးများအား ပြန်လည်ပေးသွင်းဝယ်ယူခြင်းများ   ဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ၌    စတင်ဝယ်ယူဆောင်ရွက်နေကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 26,2023
လူငယ်များကိုယ်ကာယဖွံ့ဖြိုးစေရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန့်နေညနေ ၃ နာရီ ဝေဘာဂီ(၃)ရပ်ကွက်၊ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီသင်တန်း အပတ်စဉ်ပြိုင်ပွဲပြုလုပ်
Mar 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ပူးပေါင်း၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်းရေးဆွဲနည်း သင်တန်းအပတ်စဉ် အရာဝတ္ထုမူပုံရေးဆွဲခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်ဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပေး
Mar 26,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေကျပ် (၄၆၆၂ ဒဿမ ၅၈၈)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်လမ်းတစ်ခုဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ၊ (၂၄) ပေအကျယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါလမ်းပိုင်းရှိ ရှဒေါင်ကျေးရွာလမ်းခွဲ၌ ကျင်းပပြုလုပ်သည်။
လဟယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် ကာလအခြေခံအင်္ဂလိပ်စာသဒ္ဒါ Grammar နှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းလူငယ်များ အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar)သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပါသည်။
ရေစကြိုမြို့နယ်၊ စည်သာကျေးရွာတွင် ဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိ
Mar 26,2023
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာတွင် ဝါသီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့်ဒေသများတွင်အများအပြားစိုက်ပျိုးကြပါကြောင်း၊ ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် အများအပြားစိုက်ပျိုးလေ့ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိမြို့နယ်များတွင် မိုးနှောင်းရာသီဖြစ်သော ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း ဒီဇင်ဘာလပိုင်းတွင်မူ စတင်ခူးဆွတ်ကြကြောင်း သိရသည်။