သတင်းများ

သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တောင်သူ (၁၂၄) ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ
Mar 27,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ် မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅) အုပ်စုမှာ တောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အမ်းမြို့တောရ ကျောင်းလမ်းကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 27,2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေယာဥ်ကွင်း -အောက်ရွာ ဆက်သွယ်သော တောရကျောင်းလမ်းအား(၁၈)အကျယ်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ
မိုင်းတုံမြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ
Mar 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ၊အမှတ်(၂၂၅) ခြေလျင်တပ်ရင်းအတွင်းရှိစု‌ ပေါင်းတန်းစီကွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံဘော်လီဘောသင်တန်းဆင်းပွဲ ကျင်းပ
Mar 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ပဒက်ကျေးရွာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံ ဘောလီဘောသင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပသည်။
လှိုင်းဘွဲမြို့နယ် ဟိုးသိုးခီးကျေးရွာတွင် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဒေါနတောင်တန်းများအသင်းမှ ကြီးမှူးကာ ဖွင့်လှစ်သင်ကြားခဲ့သော ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ထီးမိုးခီးကျေးရွာအုပ်စု၊ ဟိုးသိုးခီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ
Mar 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစ၍ စတင်ကျင်းပလျက်ရှိ ကြောင်း သိရသည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘိုကလေးမြို့နယ်တွင် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရ မြို့လယ်လမ်းမကြီး ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း ကွန်ကရစ်လမ်းသစ်အား ယနေ့နံနက် (၉) နာရီတွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဘင်ခရာတပ်ဖွဲ့နှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်း
Mar 27,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းပေး လျက်ရှိပါသည်။