နောင်ချိုမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) မွမ်းမံသင်တန်း ဆက်လက်သင်ကြား
Mar 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ပြုစုကုသပေးနိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၃)ကို မတ်လ ၂၄ ရက်နေ့မှ စတင်သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့တွင် သင်တန်း တတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။