ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်/စာစောင်ပြပွဲ ခင်းကျင်းပြသ

ကျောက်မဲ မတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ထိုသို့ပြသရာတွင် တပ်မတော်နေ့နှင့် သက်ဆိုင်သော စာအုပ်များ၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း စာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးနည်း ပညာစာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ်များ၊ အနုပညာရပ် စာအုပ်များ၊ စာပေဗိမာန် စာမူဆုရစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ ဘာသာပြန်ဝတ္ထုများ အစရှိသည့် ဗဟုသုတရရှိမည့် စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အကျင့်များ ရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)