သာယာဝတီ မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မွန်းတည့် (၁၂)နာရီက ဓမ္မသင်္ဂဏ(၁)ဘာသာရပ်ကို သာယာဝတီမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုလမ်းရှိ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ယင်းသို့ကျင်းပရာတွင် သာယာဝတီမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းရှိ သံဃာတော်အပါး(၅၇)၊ သီလရှင်အပါး(၁) စုစုပေါင်းအပါး(၅၈)ရှိပြီး ဖြေဆိုသည့် သံဃာတော်အပါး(၄၅)၊ သီလရှင်အပါး(၁) စုစုပေါင်း အပါး(၄၆) ဝင်ရောက်ဖြေဆိုသည်။
စာဖြေသံဃာတော်များကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက အချိုရည်ဗူးများနှင့် ရေသန့်ဗူးများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်မျိုးလွင်၊ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းဇော်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)