သတင်းများ

ဝိုင်းမော်မြို့နယ်၌ သမဝါယမအသင်းစုချုပ်ပိုင် ဆီကြိတ်စက်လည်ပတ်မှု ကွင်းဆင်းစစ်ဆေး
Mar 26,2023
ကချင်ပြည်နယ်သမဝါယမအသင်းစုချုပ် ပိုင်ဆိုင်သည့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဆီကြိတ်စက်လည်ပတ်နေမှုအား ယမနနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Mar 26,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ တာဝန်ရှိသူများ၊ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းမှ အသင်းသား/သူများ ပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ မြစ်ကြီးနား - ဗန်းမော်သွား ပြည်ထောင်စုလမ်းမကြီးနှင့် ဝိုင်းမော်-ကံပိုက်တည်သွားလမ်းဆုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကသာမြို့ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲစာဖြေ ဆရာတော်များနှင့်သံဃာတော်များအား နေ့ဆွမ်းနှင့်အာဟာရဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း
Mar 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အာဟာရအားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၅)နာရီအချိန်မှစ၍ ကသာမြို့ ဓမ္မပါလပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌  နွေစပါးသီးနှံ  စံပြကွက် ရိတ်သိမ်းပွဲ ကျင်းပ
Mar 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ နွေစပါးသီးနှံ သီးထပ်ယဥ်မျိုးစံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွင်းအမှတ်၊ ၁၃၆၆(က)၊ ဦးပိုင်အမှတ်(၁၀/၆)တောင်သူ ဦး​​မြင့်လွင်၏ လယ်မြေ (၄.၀၀)ဧက ဧရိယာအတွင်းရှိ  (၀.၁၀)ဧကအား ရိတ်သိမ်းရာ  အစိုတင်း(၁၂၁.၈၀ )တင်း၊ အခြောက် တင်း(၁၁၄.၄၉ )တင်းထွက်ရှိကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 26,2023
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချီဖွေမြို့နယ်တွင် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ချီဖွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်လှစ်ခြင်းဆောင်ရွက်
Mar 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည်မြို့နယ် ကြက်ခြေနီအသင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် သရက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပူးပေါင်း၍ သရက်ချောင်းအုပ်စု သောင်ရွာကျေးရွာအတွင်းရှိ ခါတော်မှီဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၈)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃) အခမ်းအနားဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကျိုက်လတ်၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္တု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပ
Mar 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၈) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုအထိမ်းအမှတ် ကက္ကူ(တောင်)ကျေးရွာ ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ
Mar 25,2023
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာမှ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သေ