ဟုမ္မလင်း မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် စက်မှုလယ်ယာဦးစီးဌာနတို့က ဖွင့်လှစ်သည့်တစ်လုံးထိုးအင်ဂျင်(ဒီဇယ်)ပြုပြင်ထိန်းသိမ်းခြင်း (အခြေခံ)သင်တန်းအမှတ်စဥ် (၆/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ထွန်းက တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်စေရန်၊ ထိရောက်အောင်မြင်စွာ အသုံးချတက်စေရန် သင်ကြားပို့ချမည့်တစ်လုံးထိုး အင်ဂျင်သည် လက်တွန်းထွန်းစက်၏ အဓိကအရေးပါးသော အစိတ်ပိုင်းဖြစ်သည့်အတွက် လက်တွေ့လယ်ယာ လုပ်ငန်းခွင်တွင် အရေးကြီးသည့်အစိတ်အပိုင်းအား ပိုင်နိုင်စွာအသုံးပြုနိုင်မည့် တောင်သူများအားမွေးထုတ်ပေးနိုင်ရန်နှင့် ကျေးလက်နေတောင်သူ လယ်သမားများဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးဦးလှဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လဝကဦးစီးမှူး ဦးမင်းညွှန့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ထွန်း၊ မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများ(၂၀)ဦး၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းတွင် တစ်ချိန်လျှင်(၅၀)မိနစ်နှုန်းဖြင့်တစ်နေ့လျှင်(၇)ချိန်ဖြစ်ပြီး စာတွေ့ /လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှာ မတ်လ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)