သတင်းများ

ဖောင်းပြင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမှု ယခင်နှစ်ထက် လျော့နည်း
Mar 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ စိုက်ပျိုးရေမလုံလောက်မှုနှင့် နယ်မြေဒေသမအေးချမ်းမျုကြောင့် စပါးစိုက်ဧကမှာ ယခင်နှစ်များထက် လျော့နည်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။
ဒဂုံ​မြို့သစ်(တောင်ပိုင်း) မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဆင်းပွဲကျင်းပ
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်း(အခမဲ့)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ စာအုပ်စာစောင်များလှူဒါန်းပွဲကျင်းပ
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ လှူဒါန်းသည့် စာအုပ်စာစောင်များကို
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပုံတူပန်းချီရေးဆွဲခြင်းသင်တန်းနှင့် ကဗျာ၊ တေးအလင်္ကာ ရေးစပ်သီကုံးခြင်း သင်တန်းဆင်းပွဲပြုလုပ် 
Mar 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က ပုံတူပန်းချီရေးဆွဲခြင်း သင်တန်းနှင့် ကဗျာ၊တေးအလင်္ကာ ရေးစပ်သီကုံးခြင်း သင်တန်းဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂) အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဒေးဒရဲမြို့နယ်အတွင်း မှတ်ပုံတင်ထားရှိသော အသင်းအဖွဲ့များအားအသင်း အဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂)နှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက် ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်
Mar 25,2023
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Physical Fitness Dance သင်တန်းဖွင့်လှစ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Mar 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များစာပေနှင့်ထိတွေ့၍ စာဖတ်သည့်အ‌လေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊
ဆိပ်ဖြူမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 25,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေး သည်။