သတင်းများ

ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Mar 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းဆုံ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်
Mar 27,2023
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေး သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ်လ ၂၅ ရက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်၌  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေဘီနှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လေ့ကျင့်ကြသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ နဝမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီမြှင့်ပွဲကျင်းပ
Mar 27,2023
နဝမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ယမန်နေ့ ည(၇)နာရီက ၎င်း၏ ဇာတိမွေးရပ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဟုမ္မလင်း၌ သစ်သျူးနှင့် စက္ကူပန်းပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Mar 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ သစ်သျူးနှင့် စက္ကူပန်းပြုလုပ်နည်းသင်တန်းကို ဟုမ္မလင်း သီတဂူ စက္ခုဒါနဆေးရုံခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)၌ ကျင်းပပြုလုပ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Mar 27,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တို့ ပူးပေါင်းဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းဆင်းပွဲကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ကြံခင်းမြို့တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ်  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ  အခမ်းအနားကျင်းပ
Mar 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သုခမိန်လမ်းရှိ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ်  မြစ်ဖျားကျေးရွာအုပ်စုမှ နွားကောင်ရေ (၁၁၀) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းနာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Mar 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြစ်ဖျားကျေးရွာအုပ်စုသို့ သွားရောက်၍ နွားကောင်ရေ (၁၁၀) အား ပေါင်ပုပ် လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းနာရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Mar 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံ၏ နှစ်ထပ်အထူးကြပ်မတ်ကုသဆောင်သစ်နှင့် အထက(၁)သထုံ ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။