ပေါင်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နွေစပါးများအားပြန်လည်ပေးသွင်း ဝယ်ယူခြင်းများဆောင်ရွက်

ပေါင်      မတ်      ၂၆

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှနွေစပါးများအား ပြန်လည်ပေးသွင်းဝယ်ယူခြင်းများ   ဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာ၌    စတင်ဝယ်ယူဆောင်ရွက်နေကြောင်းသိရသည်။

ထိုသိုဆောင်ရွက်ရာတွင်ရင်ငြိမ်တောင်ကျေးရွာ ရွှေချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏အသင်းသားတောင်သူ(၃၆)ဦးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  မတည်ထောက်ပံ့ငွေဖြင့်  နွေစပါးစိုက်ဧက (၃၇၈)ဧကအတွက် အောင်နိုင်သစ္စာကုမ္ပဏီမှ  တစ်ဧကလျှင်ကျပ်နှစ်သိန်းနှင့်ညီမျှသော မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစု တန်ဖိုးကျပ်(၇၅၆)သိန်းအား ကန်ထရိုက်လယ်ယာလုပ်ငန်းဆောင်ရွက်ခဲ့ရာ ယခုနွေးစပါးထွက်ရှိချိန်တွင် တောင်သူများမှ အောင်နိုင်သစ္စာကုမ္ပဏီသို့ ထွက်ရှိသော နွေစပါးများအား ကာလပေါက်ဈေး တစ်ဆယ့်လေးသိန်းခြောက်သောင်းနှုန်းဖြင့် စတင်ဝယ်ယူနေပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)