ဇေယျာသီရိမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကအဖွဲ့အား ထောက်ပံ့ငွေပေးအပ်

ဇေယျာသီရိ မတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ကပြဖျော်ဖြေမည့် ဇေယျာသီရိမြို့နယ်ကိုယ်စားပြု အကယိမ်းအဖွဲ့လေ့ကျင့်နေမှုအား ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက် နေ့အထိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ကြွရောက်မည့် ဧည့်ပရိတ်သတ်များအား ဝန်ကြီးဌာနများ၏ ယိမ်းအကများ၊ တေးသံသာများဖြင့် နေ့စဉ်ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ရာ ဇေယျာသီရိမြို့နယ်ကိုယ်စားပြု ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာမှ ယိမ်းအဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန်သီချင်းများဖြင့် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)