သတင်းများ

သနပ်ပင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အခြေခံပညာမူတန်းအဆင့် ဘာသာဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(သနပ်ပင်)ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ်၌ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 28,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာသင်တန်းခန်းမ၌ ကျင်းပ ခဲ့သည်။
ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မီးဘေးအန္ထရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီး​ငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ
Mar 28,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး၊ ယနေ့နံနက်က၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီး​ငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် အခြေခံပညာ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အ.ထ.က (၁) ဇလွန် အမျိုးသားဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်
Mar 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ(မူလတတန်း)မြို့နယ်အဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
ပန်းတောင်းမြို့နယ်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ သန္တိသုခဓမ္မာရုံကြီးတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲကျင်းပ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာအစိုးရဓမ္မာစရိယ ယဉ်ကျေးမှုစာမေးပွဲများကို ဖြေဆိုအောင်မြင်ကြသော သံဃာတော်အရှင်သူမြတ်များအား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လောကမာန်အောင်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။