နမ္မတူ မတ် ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ ၁၅၃ ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၅ ဦးဖြင့် ဆွေးနွေးပို့ချမည်ဖြစ်ကာ၊ ဆွေးနွေးပွဲသင်တန်းအား မတ်လ (၂၈)ရက်နေ့မှ မတ်လ (၃၁)ရက်အထိ (၄)ရက်တာ ဖွင့်လှစ်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)