လက်ပံတန်းမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲကျင်းပ

လက်ပံတန်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာအစိုးရဓမ္မာစရိယ ယဉ်ကျေးမှုစာမေးပွဲများကို ဖြေဆိုအောင်မြင်ကြသော သံဃာတော်အရှင်သူမြတ်များအား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လောကမာန်အောင်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းလှိုင်က သာသနာတော်ဆိုင်ရာကိစ္စရပ်များအားလျှောက်ထားခြင်း စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှတန်းပေးဝေခဲ့ကြသည်။

လက်ပံတန်းမြို့တွင် ပထမလတ်တန်းအောင်သံဃာ(၁)ပါး၊ ပထမငယ်တန်းအောင်သံဃာ(၂)ပါး၊ အခြေပြုမူလတန်းအောင် သံဃာ(၅)ပါး စုစုပေါင်း(၈)ပါးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)