လေးမျက်နှာ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာသင်တန်းခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ အနေဖြင့် ဝါသနာ၊ စေတနာ၊ အနစ်နာခံ၍ ထူးချွှန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး လေ့ကျင့်သင်ကြား ပေးရန်၊ အမျိုးသားရေးတာဝန်များကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် စာပေသင်ကြားရာတွင် လုံးခြုံရေးဆိုင်ရာ ကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက် ၍ မြို့နယ် ပညာရေးမှူး ဒေါ်ငွေဌေးမှ ဆရာ၊ ဆရာမများအနေဖြင့် ဆင့်ပွားသင်တန်းများ သင်ကြားရာတွင် အလေးထားလိုက်နာ သင်ကြားစေလိုကြောင်း၊ စနစ်သစ်ပညာရေးတွင် ဆင့်ပွားသင်တန်းများသည် မရှိမဖြစ်လိုအပ် ကြောင်း၊ သင်တန်းမရှိသော ဆရာဆရာမသည် တက်ကြိုးနေသောလှေကို လှော်ခတ်ရသကဲ့သို့ လိုရာခရီးကို ဆိုက်ရောက်နိုင်မည် မဟုတ်ကြောင်း၊ လေးမျက်နှာမြို့နယ်၏ ပညာရေးကဏ္ဍမြှင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆွေးနွေးပွဲ နှင့် သတ်သက်၍ သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းများ ကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး လေးမျက်နှာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအပါအဝင် ဆရာ၊ ဆရာမ(၇၇၂)ဦးအား အ.ထ.က လေးမျက်နှာ အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.လ.က လေးမျက်နှာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် သင်ကြားပို့ချ ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)