သတင်းများ

ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းပို့ချ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်)ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖြူးမြို့နယ်အ.ထ.က(၁)ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က သင်တန်းနှင့်ပတ်သက်သည့်အချက်များအား ရှင်းလင်းပြောကြားသည်။
ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်း
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ဥယျာဉ်တောင်ရပ်ကွက်၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက်၊ ပိဋကာဝါသရွှေဗိမာန်တော် တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ မော်လမြိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉  နာရီတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက်တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရေကြည်မြို့နယ် မီးသတ်ဦးစီးမှူးရုံးသစ် အဆောက်အဦဖွင့်ပွဲအခမ်းအနားကို ယနေ့မွှန်းလွှဲ(၃)နာရီအချိန်က အဆိုပါရုံးသစ်‌ရှေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်
Mar 28,2023
တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်အကြောင်းကိုသိရှိပြီး၊ ရှောင်ရှားရန်နှင့် အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌  ယနေ့ နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။
ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက အ.ထ.က  ရွှေတောင် ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။