သတင်းများ

အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်)ဆွေးနွေးပွဲ ကျင်းပ
Mar 28,2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ် အကောင်အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရေကြည်မြို့တွင် (၇၈)နှစ်‌မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့အတွင်းရှိ ဒေသထွက်ကုန်များ ကုန်စည်ပြပွဲကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် (၇၈)နှစ်‌မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသထွက်ကုန်များ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြော သင်တန်း (အခမဲ့)ဖွင့်လှစ်
Mar 28,2023
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များနှင့် အင်္ဂလိပ်စာစကားပြော ဝါသနာပါသူများ စု‌ပေါင်း၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်ခွင်ဝင်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊  အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား‌ပြောသည် အလွန်ပင်အရေးကြီးသော ဘာသာစကား တစ်ခုဖြစ်ကြောင်း၊ အင်္ဂလိပ်စာသည် လူတိုင်း လေ့လာသင်ယူသင့်သော ဘာသာစကားတစ်ခုဖြစ်ကြောင်း စသည့်အကြောင်းအရာများနှင့် တစ်ဦးတစ်ယောက်ချင်းစီ အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာ စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကား‌ပြောသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။
လိပ်သိုဒေသတွင် ဇရစ်ရိုးများ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ
Mar 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက် လျက်ရှိရာကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဇရစ်ရိုးပင်များ များပြားစွာပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ သရက်ချောင်းမြို့တွင် ကျင်းပ
Mar 28,2023
တနင်္သာရီတိုင်းဒေသကြီး၊  သရက်ချောင်းမြို့၌ ၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား/သူများအနေဖြင့် ထိရောက်သောသင်ယူမှုများ စဉ်ဆက်မပြတ် ရရှိစေရန်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီအချိန်က (အ.ထ.က- သရက်ချောင်း)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Mar 28,2023
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-သဲကုန်း)၌ ဖွင့်လှစ်ခဲ့သည်။
တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 28,2023
ချင်းပြည်နယ် တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို တွန်းဇံမြို့၊ ခေါဝုန်/ လေးဆန်ရပ်ကွက်ရှိ Cyclone Shelter သွားလမ်းနှင့် Cyclone Shelter ဘေးပတ်ဝန်းကျင်၌ မတ် ၂၅ ရက်နေ့ နံနက်(၈)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။