သနပ်ပင် မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အခြေခံပညာမူတန်းအဆင့် ဘာသာဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(သနပ်ပင်)ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်မြင့်က သင်တန်းတွင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံး ဒုတိယပညာရေးမှူး ဦးနေအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို သင်တန်းနည်းပြဆရာ/ဆရာမ (၁၅)ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး သနပ်ပင်မြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၄၀၀)ဦး တက်ရောက်ပြီး သင်တန်းကာလကို မတ်(၂၈)ရက်မှ (၃၁)ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)