ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မီးဘေးအန္ထရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီး​ငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ

ချောင်းဆုံ မတ်၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး၊ ယနေ့နံနက်က၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီး​ငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ၊မြို့နယ် မီးသတ်ဦးဌာန​ဦးစီးမှူး ဦးတင်လင်းဦးက(စိုက်/ ဘဏ်)ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်အချက်များ နှင့် မီးသတ်ဆေးဗူး အသုံးပြုပုံ နည်းလမ်းများကို  ရှင်းလင်းပြောကြားပြီး (စိုက်/ ဘဏ်) ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကာဝန်ထမ်းများကလည်း လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ ဆက်)