ဇလွန် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အ.ထ.က (၁) ဇလွန် အမျိုးသားဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ပညာရေးမှူး ဦးဖုန်းဇော်က အခြေခံပညာကဏ္ဍ၊ ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည် မြင့်မားသော အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများ ဖြစ်နိုင်စေရေး၊ ပညာရေးဝန်ကြီး ဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့် အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ပြနိုင်မည့် ဆရာ/ဆရာမများအား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အခြေခံပညာ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ အ.ထ.က (၁) ဇလွန်တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)