ပန်းတောင်းမြို့နယ်၌ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ သန္တိသုခဓမ္မာရုံကြီးတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကိုဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားပြီး မြိုနယ်ဥပဌာကဥက္ကဋ္ဌ ဦးတင်လှိုင်မှသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသား/ သူများအတွက် အလှူရှင်များမှ စာအုပ်စာတမ်းများ လှူဒါန်းပေးခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု(၃)ကြိမ်ရွတ်ဆိုပူဇော်ကန်တေ့ာခဲ့သည်။

သာသနာရေးဦးစီးဌာန၏ ဦး‌ဆောင်လမ်းညွှန်မှု မြို့နယ်သံဃာ့နာယကအဖွဲ့၏စီမံမှုဖြင့် မြို့နယ်အတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း(၅၀)ကျော် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာဖြေဌာန(၄၃)ခုဖြင့် စာမေးပွဲစီစစ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာတတိယတန်းအောင်မြင်ပြီးသူမည်မဆို တက်ရောက်နိုင်ပြီး နေစဉ်နံနက်(၈:၀၀)နာရီမှစတင်၍ ကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာအခြေခံရေးသားနည်းအပါ စာသင်ချိန်(၆)ကြိမ်ဖြင့် (၁)လသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ဥပဌာကအဖွဲ့၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းသား/ သူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

သင်းသင်းအေး(ပြန်/ ဆက်)