သတင်းများ

မင်းလှမြို့တွင် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေး နွေးပွဲပြုလုပ်ခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ မတ်လ ၂၈ ရက် နံနက် ၉ နာရီချိန်ကစတင်ဆောင်ရွက်ခဲ့သည်။
တီးတိန်မြို့၌ တီးတိန်ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်
Mar 28,2023
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့‌‌ဆေးရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြမ်း ဦးဆောင်ပြီး ယနေ့ နံနက် ၈ နာရီက စု‌ပေါင်း သန့်ရှင်း‌ရေး ဆောင်ရွက်သည်။
သီပေါမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပနိုင်ရန် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ ပြုလုပ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၁)နာရီက စာမေးပွဲကျင်းပပြုလုပ်မည့် မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဟားခါးမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Mar 28,2023
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဝက်သား၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မတ်လ ၂၅ ရက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ ကြက်သွန်နီများ လှိုင်လှိုင်ပေါပြီး စျေးကောင်းရရှိ
Mar 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ပြီး တောင်သူများ စျေးကောင်းရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Mar 28,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ပေါက်ခေါင်းမြို့ အ.ထ.က(အိုးဘိုကုန်း)နှင့် အ.ထ.က(ခွဲ)အမှတ် ၁ ကျောင်းစာသင်ခန်းအသီးသီးတွင် ဆွေနွေးပို့ချပေးလျက်ရှိသည်။
ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းနားဖွင့်ပွဲကျင်းပ
Mar 28,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။