လှည်းကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  မူလတန်းအဆင့်ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်

လှည်းကူး    မတ်    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ(မူလတတန်း)မြို့နယ်အဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လှည်းကူးမြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆိုင်ရာလမ်းညွှန်ချက်နှင့်ပတ်သတ်သည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင်မူလတန်းအဆင့် ဆရာ/ဆရာမစုစုပေါင်း(၉၃၂)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကိုဗဟိုအဆင့်၊ တိုင်းအဆင့်အတွင် ဘာသာရပ်အလိုက် နည်းပြသင်တန်းဆင်း ဆရာ၊ ဆရာမ မူလတန်းအဆင့်စုစုပေါင်း(၅၆)ဦးတို့က ဘာသာရပ်အလိုက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းကာလကို မတ်လ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)