သီပေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

သီပေါ မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက အခြေခံပညာကျောင်းများ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးထိန်လင်းက ဆရာ၊ ဆရာမများသင်ကြားမှု အရည်အသွေးမြင့်မားလာပြီး ထူးချွန်ထက်မြက်သော ဆရာ၊ ဆရာမများပေါ်ထွန်းလာစေရန်၊ အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန်၊ စနစ်သစ်ပညာရေးတွင် မရှိမဖြစ်သတ်မှတ်ထားသော သင်ကြားရေးစနစ်ကိုသင်ကြားပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြား ခဲ့သည်။

သင်တန်းဖွင့်လှစ်ဆောင်ရွက်ရာ၌ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ(၁၁၀)ဦး၊မူလတန်းအဆင့် ဆရာ၊ ဆရာမ(၂၀၉)ဦး စုစုပေါင်း(၃၁၉)ဦးတို့အား နည်းပြ(၁၀)ဦးဖြင့် မတ်လ(၂၈)ရက်နေ့ (၃၁)ရက်နေ့အထိ(၄)ရက်တာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)