မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာမူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံ ပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မအူပင်ခရိုင် ပညာရေးမှူး ဒေါက်တာ သန္တာဆွေက အခြေခံပညာမူလတန်း အဆင့်ကျောင်းများတွင် သင်ကြားမှုစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ယခုအခမ်းအနားအား ကျင်းပရကြောင်း ရှင်းလင်းပြောကြားပြီး မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရန် ပညာရေးသည် အဓိကဖြစ်သောကြောင့် ဆရာ/ဆရာမများအနေဖြင့် အလေးထားကြိုးစားကြရန် လိုအပ် ကြောင်း ပြောကြားသည်။ ၎င်းနောက်မြို့နယ် ပညာရေးမှူး ဒေါ်စန်းယုမော်က သင်တန်း စည်းမျဉ်း စည်းကမ်းများ၊ သင်တန်းတွင် ဆွေးနွေးရမည့် ဦးတည်ချက်များကို မှာကြားဆွေးနွေး ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ/ဆရာမ ၁၆၄၇ ဦးနှင့် သင်တန်း ဆရာ/ဆရာမ ၅၅ ဦး၊ စုစုပေါင်း ၁၇၀၂ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကာလမှာ မတ် ၂၈ မှ ၃၁ ရက်နေ့အထိ ၄ ရက်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)