မုံရွာမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကျင်းပ

မုံရွာ မတ် ၂၈

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိခရိုင် များတွင် ကျင်းပပြုလုပ်လျက်ရှိရာ  မုံရွာမြို့တွင် မတ်လ ၂၈ ရက်နေ့မှ မတ် လ၂၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို စတင်ကျင်းပလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးတို့မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ခရိုင် အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစား၊ ပြိုင်ပွဲအဆင့်အလိုက် ခရိုင်အဆင့်ရွေးချယ်ကာ ပထမ၊ ဒုတိယ၊ တတိယ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရ ကာတွန်း၊ ပန်းချီ၊ ပိုစတာ လက်ရာ များကို စစ်ကိုင်း တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့သို့ ပေးပို့ကာ ထိုမှတစ်ဆင့် အရွေးချယ်ခံရသော အနုပညာလက်ရာများကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ (ဗဟို)သို့ ပေးပို့ကာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)