မိုးနဲ မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပရဟိတလုပ်ငန်းဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားအဖြစ် ၂၀၂၂ ခုနှစ်၊ ဥပဒေပြဌာန်းရခြင်းအကြောင်းအရင်း၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ အသင်းအဖွဲ့၏အဓိပ္ပာယ်၊ မှတ်ပုံတင်လျှောက်ထားရမည့်အသင်းအဖွဲ့များ၊ ပြန်လည် လျောက်ထားရမည့်ပုံစံ၊ ဥပဒေပုဒ်မ ၂၆ အရမှတ်ပုံတင်ခွင့်မရှိသောအသင်းအဖွဲ့များ၊ ဥပဒေပုဒ်မ ၂(ဆ) အရဆောင်ရွက်နိုင်သော လုပ်ငန်းနယ်ပယ်၊ ဥပဒေပုဒ်မ ၁၇ အရမှတ်ပုံတင်လျောက်ထားရာတွင် သတိပြုရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းအတွက် ကာလကန့်သတ်ချက်များ၊ မှတ်ပုံတင်ကြေးသတ်မှတ်ချက်များ၊ ဥပဒေပုဒ်မ ၂၇ အရအသင်းအဖွဲ့၏ အခွင့်အရေးများ၊ ဥပဒေပုဒ်မ ၂၈ အရအသင်းအဖွဲ့၏တာဝန်များ၊ ဥပဒေပုဒ်မ ၂၉ အရစီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းအစရှိသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထို့နောက် နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ သိလိုသည့်အချက်များကို မေးမြန်းခဲ့ရာ ဦးဝင်းမြင့်က ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က အကြံပြုဝင်ရောက်ဆွေးနွေးပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ပရဟိတအသင်းအဖွဲ့တာဝန်ရှိသူများ စုပေါင်းအင်အား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)