သာကေတ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး၊ ဆရာမကြီးဒေါ်ခင်အုန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာများအား နိုင်ငံတော်ကပညာရေးမြှင့်တင်ပေးမှုကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏အဓိကလူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးလာစေဖို့ ကျောင်းနေအရွယ်ကလေးတွေရဲ့ ပညာရေးအားနည်းမှုကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိန်ခေါ်မှုကိုရင်ဆိုင်နေတဲ့ အစဥ်လေ့လာသင်ယူနေသောဆရာ၊ ဆရာမများ ဖြစ်စေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက်သင်တန်းနည်းပြဆရာမ(၁၂)ဦးက သင်တန်းသူ၊ သင်တန်းသားအခြေခံပညာမူလ တန်းကျောင်းများမှ ဆရာ၊ ဆရာမ(၂၄၀)ဦးတို့အား သင်ခန်းစာများအား သင်ကြားပို့ချပေးခဲ့ကြောင်းသိရပြီး သင်တန်းကို(၂၈.၃.၂၀၂၃)ရက်နေ့မှ (၃၁.၃.၂၀၂၃)ရက်နေ့အထိ(၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ဆက်)