နောင်တရား မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ဖယ်ခုံမြို့နယ်အတွင်းရှိ အခြေခံမူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖယ်ခုံမြို့နယ် မြို့နယ်ပညာရေးမှူး ဦးလှမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး နည်းပြဆရာ၊ ဆရာမများက လိုအပ်ချက်များကို ပြန်လည်တင်ပြကြသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း၌ ဖယ်ခုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ၊ ဆရာမ(၄၁၈)ဦးကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၁၄)ဦးဖြင့် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)