သာယာဝတီ မတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ အ.ထ.က(၁)သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့်ဘာသာရပ်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်က သင်တန်းဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ဆရာမကြီးတို့၏ ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဆရာ ၃၀ ဦးတို့ကသင်တန်းနည်းပြဆောင်ရွက်၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မူလတန်းပြဆရာ/ဆရာမ ၉၀၆ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘဝတွက်တာ(လူမှုရေး)၊ သိပ္ပံ၊ ကာယ၊ စာရိတ္တ၊ ဂီတ၊ အဆိုအတီး၊ အသက်မွေး၊ စိုက်ပျိုးရေးစသည့်ဘာသာရပ်များအား မတ်လ ၂၈ ရက် မှ မတ်လ ၃၁ ရက်နေ့ထိ ၄ ရက်ကြာ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)