အထက်မင်းလှ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် သင်ရိုးသစ်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက သင်ရိုးသစ်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းတွင် အခြေခံပညာမူလတန်းဆင့် ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းကြောင်း ပြောကြားခဲ့သည်။
အဆိုပါ မူလတန်းဆင့် သင်ရိုးသစ်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို နည်းပြဆရာ၊ ဆရာမ (၂၄)ဦးတို့မှ သင်တန်းသားဆရာ၊ ဆရာမ (၇၄၆) ဦးအား သင်ကြားပို့ချဆွေးနွေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ မတ်လ (၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)