လင်းခေးမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

လင်းခေး မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အခြေခံပညာမူလတန်းဆင့် (KG မှ Grade-5 အထိ) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့မှစတင်ကာ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်းစွာဖြင့် ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် အခြေခံပညာမူလတန်းဆင့်၌ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သ မိုင်း၊ သိပ္ပံဘာသာရပ်၊ ဖွံ့ဖြိုးရေး၊ ကာယ၊ ပန်းချီ၊ ပြည်သူ့နီတိနှင့် ဘဝသက်တာကျွမ်းကျင်စရာဘာသာရပ် (၁၀)မျိုး ပို့ချပေးလျက်ရှိကြောင်း သင်တန်းနည်းပြတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

လင်းခေးမြို့နယ်အနေဖြင့် အဆိုပါ သင်တန်း၌ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသားစုစုပေါင်း (၂၁၄)ဦး တက်ရောက်ကြပြီး၊ သင်တန်းနည်းပြ()ဦးနှင့် သင်တန်းကြီးကြပ်(၅)ဦးတို့ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၄)ရက် ကြာမြင့်မည်ဖြစ်ကြောင်း လင်းခေးမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)