ဒေးဒရဲမြို့၌ နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာစွမ်းရည်နှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Mar 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။