မက်မန်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မက်မန်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကျော်က အခြေခံပညာမူလတန်းအဆင့် ကျောင်းများတွင် သင်ကြားမှု စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆရာ/ဆရာမများအနေဖြင့် အလေးထားကြိုးစားကြရန်လိုကြောင်း၊ သင်တန်းစည်းမျဉ်း/ စည်းကမ်းများနှင့် သင်တန်းတွင် ဆွေးနွေးရမည့် အကြောင်းအရာများကို မှာကြားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမ (၄၆) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းနည်းပြ ဆရာ/ဆရာမ (၅) ဦး က မတ်လ ၂၈ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)