မြစ်သားမြို့နယ်၌ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ

မြစ်သား မတ် 

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံစိုးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊  မြစ်သားမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သားငယ်သမီးငယ်လေးများမှ ပဒေသာအကများဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာ သင်္ကြန်အကများဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြကြောင်း  သိရသည်။

ရဲနိုင်ဦး(မြစ်သား)