မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေးကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး

မော်လမြိုင် ဧပြီ ၉

မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများတွင် သန့်ရှင်း၍စိမ်းလန်းစိုပြေပြီး ​ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေး အ​လေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ အမှတ်(၃)အ​ခြေခံပညာ အထက်တန်း​ကျောင်းကျောင်းဝင်းအတွင်း၊  ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်​ကျောင်းစိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအ​ပေါ်  ကြည့်ရှုအားပေးခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိ​​စေရေးနှင့် ဥပတိရုပ်​ကောင်းမွန်​စေ​​ရေး အ​လေးထား​ဆောင်ရွက်​ပေးကြရန်၊ ​ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း​သာယာမှုရှိစေ​ရေး ဆောင်ရွက်ရန်၊ ​ကျောင်းအကျိုးပြုလုပ်ငန်းများ၊ ​စာသင်ကျောင်းနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စာသင်​ကျောင်း​ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ​ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ​​ကျောင်း၏လိုအပ်ချက်များအား ​ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ​ကျေးရွာများတွင် သန့်ရှင်းသာယာလှပ​စေရေးအတွက် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ​ကျောင်းသန့်ရှင်း​သာယာလှပ​စေ​ရေးအတွက် ​ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်း​ရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်​​လျက်ရှိ​ကြောင်း သိရှိရသည်။

စည်သူခရိုင်(ပြန်/ဆက်)