ကျောက်ဆည် ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာရှိ တောင်သူများသည် ရာသးအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သီးနှံမျိုးစုံစိုက်ပျိုးရောင်းချခြင်းများနှင့်ပတ်သတ်၍ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ တောင်အော်၊ ကန်စွန်း၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဉ၊ မုန်ညှင်းခါး၊ ဘူး၊ ဆူးပုတ်ကြီး၊ စပါးလင် စတဲ့ ဟင်းသီး ဟင်းရွက်တွေကို နှစ်ပတ်လည်စိုက်ပျိုး ရောင်းချကြောင်း စိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Superဘိုကာရှီ၊ EM ဘိုကာရှီ သဘာဝမြေဆွေးမြေဩဇာ၊ငါးအပိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊ သဘာဝဆေးရွက်ကြီး၊သဘာဝငရုပ်သီး ပိုးနှင်ဆေး၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း တောင်သူ ဦးမြင့်မောင်က ပြောပြသည်။
ရောင်းချရာတွင်လက်လီ၊ လက်ကားရောင်းချခြင်းဖြစ်ရာ လက်လီရောင်းရန်အတွက် ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ကုန်စိမ်းအရောင်းခန်း(၂)ခန်းနှင့် နေ့စဉ်ရောင်းချကြောင်း၊ လက်ကားရောင်းချရာတွင် နယ်လှည့်ဈေးသည်များ အမြတ်ကျန်စေရေးနှင့် မိမိအတွင်အရှုံးမရှိစေရေး ကုန်ပစ္စည်းအပေါ်မူတည်ကာ ရောင်းချပေးလျက်ရှိကြောင်း မြေ(၄)ဧကအပေါ်တွင် ဟင်းသီး၊ ဟင်းရွက် မျိုးစုံ နှစ်ပတ်လည် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)