ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်နှင့်သင်္ကြန်ခေါင်းစဉ်ဖြင့် (Talk Show) ပြုလုပ်

ဒဂုံတောင် ဧပြီ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လူငယ်နှင့် သင်္ကြန်ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ(၂) အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်သန်းသန်းအေးက အသိပညာ ပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြန်မာသင်္ကြန်ပွဲတော်ဖြစ်ပေါ်လာပုံများ၊ ယနေ့ခေတ်လူငယ်များ မြန်မာ့ ရိုးရာ အတာသင်္ကြန်အတွင်း ဖြတ်သန်းပုံများကို ဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်မင်းဟန်က သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှုဆောင်ရွက်ချက်များ၊ သင်္ကြန်၏ထူးခြားချက်၊  လူငယ်များအတာသင်္ကြန် အတွင်း ကောင်းမှု ကုသိုလ်ပြုရမည့် အချက်များကို ပြည့်စုံစွာရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ဖိတ်ခေါ်၍နေ့ကြီး၊ ရက်ကြီးများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)