ပြည် ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လုထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲပိုင်းက Youth Club အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြည်မြို့အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့်အထက်တန်းအဆင့် Youth Club အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့က စာရေးဆရာအောင်စည်သာ(မြန်မာပြန်) ရေးသားသော "ဟယ်ရီလို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်" စာအုပ်အားအပြန်အလှန် ဖတ်ကြားဆွေးနွေးကြပြီး စာအုပ်ပါအကြောင်းအရာများအပေါ် ရှုထောင့်အသီးသီးမှ၎င်းတို့၏အမြင်များဖြင့် ဖြည့်စွက်ဆွေးကြသည်။
ကျောင်းသား၊ကျောင်းသူ လူငယ်များအား နွေရာသီကျောင်းပိတ်ရက်တွင် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားရရှိလာစေရန်နှင့် စာပေမှတစ်ဆင့် မှန်ကန်သောအတွေးအခေါ် အယူအဆကောင်းများရရှိပြီး အဘက်ဘက်မှထူးချွန်ထက်မြက်သော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အဆိုပါ Youth Clubစာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)